Thursday, August 14, 2008

မော်နီတာ

Monitor
Image Distortion
Monitor ပုံသဏ္ဍာန်မမှန်ပဲ တုန်ခါနေလျှင် ၊လှိုင်းထနေလျှင် အများအားဖြင့် Power Line ကြောင့် ဖြစ်ရတာများပါတယ်။ အဲသည်လိုဖြစ်နေတယ်ဆိုရင် Computer Power ကို ရေခဲသတ္တာ၊ အဲကွန်းတို့နဲ့အတူ Power Line ကို ပူးတွဲအသုံးမပြုရပါဘူး။ သီးခြားအသုံးပြုရပါမယ်။၎င်းပစ္စည်းတွေနဲ့လည်း အနည်းဆုံး(3')အကွာထားရှိရပါမယ်။
Image Flicker
Refresh rate နိမ့်လွန်းလို့ဖြစ်ရတာပါ...(User ကို မျက်လုံးတွေ ကိုက်ခဲစေတတ်ပါတယ်)
Refresh rate အနည်းဆုံး 75 Hz (Hartz) ရှိသင့်ပါတယ်...
Decktop---->Right click ---->properties---->settings---->32 bit လို့ပြင်ပြီးရင်...
Advanced---->Monitor---->75 Hz လို့ပြင်ပါ...ok ပေးပါ....
Monitor Display Some Color Incorrectly
Monitor က signal calble ကြိုးနဲ့ Motherboard က video card မှာတပ်ဆင်တာမမိရင် သည်လိုအဖြစ်အပျက်မျိုး ဖြစ်တတ်ပါတယ်...
နောက် Video card ကိုထိုးစိုက်လို့ Pin လေးတွေ ကွေးကောက်သွားရင်လည်း ဖြစ်တတ်ပါတယ်...
ဒါကြောင့် Video card တွေကို ထိုးစိုက်ရာမှာ မိမိရရ ဖြစ်ဖို့နဲ့ PIn လေးတွေကွေးကောက်မသွားရအောင်ဂရုတစိုက် တပ်ဆင်ဖို့လိုပါတယ်...
Monitor ဘက်မှာ တပ်ဆင်ထားတဲ့ကြိုးက အသေတတ်ထားတာမို့ Monitor အတွင်းမှာ တပ်ဆင်ထားတဲ့ Curcit boart နဲ့ signal calble ကြိုးကို ခဲနဲ့ဆက်ထားပါတယ်...၄င်းခဲလေးတွေကြွတက်ရင်လည်းဖြစ်တတ်ပါတယ်...ထို့သို့ကြွတက်ခဲ့လျှင် Monitor အဖုန်းကို ဖွင့်ပြီး ခဲပြန်ဆော်လိုက်ပါ...
Video card ကို ထိုးစိုက်လို့ Line wave (Blue screen) ပေါ်မှာ အနီတန်း၊အဖြူတန်းများပေါ်နေမယ်ဆိုရင် Video card ကို Pin ပြောင်းထိုးမိလို့ပါ...
Sound Card
Sound card,Speaker,Headphone မှန်ကန်စွာတတ်ဆင်ပြီးပြီဆိုရင် Sound card Driver ကို Installation လုပ်ပြီး -မပြီးစစ်ဆေးရပါမယ်...ဘယ်လိုစစ်ဆေးရမလဲဆိုတော့...
Control Panel Multimedia Option Box Double Click ပေးဖွင့်ပါ...
Audio Tab ကို click လုပ်ပါ ...၄င်းမှာ Play back နဲ့ Sound Recording ဆိုပြီးနှစ်ခုရှိပါတယ်..
နှစ်ခုစလုံးအရောင်မှိန်နေပြီဆိုရင်တော့ Installation မလုပ်ရသေးပါဘူး တကယ်လို့မမှိန်ခဲ့သည့်တိုင်အောင် Default/Defalt Device ဆိုပြီးပေါ်နေရင် Install မလုပ်ရသေးပါ..
Sound card ကို Install လုပ်ပြီးပြီဆိုရင် Ac 97(or) Creative sound card ဆိုပြီးမိမိ Install လုပ်ထားတဲ့ Sound card အမျိုးအစားပေါ်နေလိမ့်မယ်...ပိုသေချာအောင်စစ်ဆေချင်ရင် ..Control Panel---->Multimedia ---->click---->Volume ကိုသွားပါ...
လေးထောင့်အကွက် Show volume control hack bar မှာ အလွယ်တကူ (mark) လုပ်လို့ရခဲ့ရင် Install...လုပ်ပြီး၍ မရခဲ့လျှင် Install မလုပ်ရသေးပါ...